ကျွန်းလှ ဒီဇင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာကော်မတီ၏ စီစဉ်ဦးဆောင်မှုဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ အားကစားလ (ပထမအပတ်) လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယမန်နေ့ နံနက် ၅ နာရီခွဲအချိန်က ကျင်းပကြောင်း သိရသည်။
အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်း အင်အား ၃၀၀ ကျော်တို့က ရွှေကျွန်းမြေအားကစားကွင်းမှ မြို့တွင်း တစ်ပတ်လမ်းလျှောက်ကြသည်။
ထို့နောက် ရွှေကျွန်းမြေအားကစားကွင်းတွင် ကိုယ်လက်ကြံ့ခိုင်ရေး အတွဲ (၁)၊ အတွဲ (၂) လေ့ကျင့်ခန်းများ ဆောင်ရွက်ပြီး ကောက်ညှင်းပေါင်း အကြော်တို့ဖြင့် ဧည့်ခံကျွေးမွေးကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ