ရွှေပြည်သာ ဒီဇင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (ပထမအပတ်) လူထုလမ်းလျှောက်ပွဲကို ယမန်နေ့နံနက်(၅း၁၅)အချိန်တွင် အမှတ်(၄)လမ်းမကြီး သာဓုကန်လမ်းတွင် ကျင်းပခဲ့ကြောင်း သိရသည်၊
လူထုလမ်းလျှောက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ စုပေါင်း၍အင်အား (၃၅၀)ဖြင့် သာဓုကန်လမ်းမှအမှတ်(၉)ရပ်ကွက်(၃)ထိပ်သို့ တပျော်တပါး လမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)