Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သထုံမြို့နယ်၌ နွေရာသီ အခြေခံပန်းချီနှင့် ဂီတသင်တန်း အခမဲ့ဖွင့်လှစ်
Feb 17,2026
မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ကြေးသွန်းဘုရား၀င်းအတွင်း၌ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး အခြေခံပန်းချီရေးဆွဲနည်းနှင့် ဂီတသင်တန်းတို့ကို ယမန်နေ့ မွန်းလွဲပိုင်းက စတင်ကာ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာ ပြခန်းများ ပြပွဲနှင့် ဂီတဖျော်ဖြေပွဲ နောက်ဆုံးရက်တွင် ဈေးဝယ်လာ ပြည်သူများဖ…
Feb 17,2026
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာ ပြခန်းများ ပြပွဲနှင့် ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပလျက်ရှိရာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ နောက်ဆုံးရက်တွင် ဈေးဝယ်လာပြည်သူများဖြင့် စည်ကားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဝန်ထမ်းအိမ်ရာများနှင့် လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေး
Feb 17,2026
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်အတွင်းရှိ နေပြည်တော်ကောင်စီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အမှုထမ်းအိမ်ရာ ၆ ခန်းတွဲ ၄ ထပ် တည်ဆောက်နေသည့်အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများသတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အတွင်း အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ အသုံးပြုသွားရန်၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ရေးနှင့် ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကိုမှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး၊ ကြေးတိုင်နှင့်မြေစာရင်း…
Feb 17,2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးမှူး၊ စက်မှုလယ်ယာဦးစီးမှူးတို့နှင့်အတူ ဖေဖော်ဝါရီ(၁၅)ရက် နေ့လယ်(၂)နာရီက စိုက်ပျိုးရေးဦးစီးဌာန မြို့မနည်းပညာဖွံ့ဖြိုးရေးစင်တာ၌ ဟုမ္မလင်းခရိုင်/ မြို့နယ်ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်၌ စာစစ်ဌာနအနီး နေအိမ်များ မီးဘေးအန္တရာယ်ကင်းရှင်းရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်
Feb 16,2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိ၍ စာစစ်ဌာနများ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ အောင်သာယာရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအနီးရှိ နေအိမ်များအား ယနေ့နံနက်ပိုင်းက မီးဘေးလုံခြုံရေးစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်နိုင်စေရေး ကွင်းဆင်းစစ်ဆေး
Feb 16,2026
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် အတွင်းရှိ စက်သုံးဆီဆိုင်များအား မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေး အတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ ဆံတော်ရှင် ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံပြု…
Feb 16,2026
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ ဆံတော်ရှင် ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး သွားရောက်ကြည့်ရှုဖူးမြှော်ပြီး ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဆံတော်ရှင် ကျိုက်မုနိုင်းစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ကာ စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် လှည့်လှည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း၊ သာမန်သင်တန်းနှင့် ကျောင်းအခြေပြု ဘေးအန္တရာယ်လျော့ပါးရေး သင်တန်းဆင်းပွဲကျင်းပ
Feb 16,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချိုကြည်သာသနာ့ဗိမာန်တွင် ယနေ့ မွန်းလွဲ (၂)နာရီခွဲအချိန်က ဘိုကလေးမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း၊ သာမန်သင်တန်းနှင့် ကျောင်းအခြေပြု ဘေးအန္တရာယ်လျော့ပါးရေးသင်တန်းဆင်းပွဲများ ကျင်းပဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1362
Page
1363
Page
1364
Page
1365
Current page
1366
Page
1367
Page
1368
Page
1369
Page
1370
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department