Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြစ်သားမြို့နယ်၌ စိုက်ပျိုးထားသောဆီထွက်သီးနှံ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Feb 17,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့်သီးနှံ ဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ဆီထွက်သီးနှံနေကြာ စိုက်တောင်သူများ စိုက်ပျိုးထားသောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူ တစ်ဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးမြို့နယ်တွင် ပြည်သူများအား စားအုန်းဆီရောင်းချပေးနေမှုနှင့် နွေစပါးစိုက်ပျိုးထားရှိမှုအား လိုက်လံစစ်ဆေး
Feb 17,2026
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် မြို့နယ်စားအုန်းဆီကြီးကြပ်ရေးအဖွဲ့မှ စားအုန်းဆီအရောင်းဆိုင်များက ပြည်သူများသို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/မရှိကို ယမန်နေ့နံနက်က တာဝန်ရှိသူများက လိုက်လံစစ်ဆေးဆောင်ရွက်နေကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ
Feb 17,2026
ပြင်ဦးလွင်မြို့နယ်သည် ခရီးသွားမြို့တော်တစ်ခုဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအနှံ့အပြားမှ လာရောက်လည်ပတ်သူပြည်သူများနှင့် စည်ကားသည့်မြို့ဖြစ်ရာပြင်ဦးလွင်မြို့သို့ လာရောက်လည်ပတ်သူများ အန္တရာယ်ကင်းဝေးစွာဖြင့် သွားလာလည်ပတ်နိုင်စေရန်၊ ယာဉ်မတော်တဆမှုများကြုံတွေ့လာပါက တတ်ကျွမ်းနားလည်စွာဖြင့် ရှေးဦးသူနာပြုစုနည်းများကို အသုံးချကာအသက်ကယ်ရန် (Preserve life)၊ ထပ်မံ၍ ထိခိုက်ဒဏ်ရာမရစေရန် (Prevent further injury)၊ လျင်မြန်စွာပြန်လည်ကောင်းမွန်လာစေရန် (Promote recovery)နှင့် မိမိကိုယ်ကိုကာကွယ်နိုင်ရန်(Protect yourself)ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းမှကြီးမှူး၍ လူမှုကူညီရေးအသင်းအဖွဲ့များမှ အသင်းသား/အသင်းသူများနှင့် ဆရာ၊ဆရာမများ စုစုပေါင်း(၂၅)ဦးအား ရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တာလေမြို့၌ မြောင်ဇီး(ခ)မှုန့်တိုင်းရင်းသားများ၏ စုပေါင်းနှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပ
Feb 17,2026
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မြောင်ဇီး(ခ)မှုန့်တိုင်းရင်းသားလူမျိုးများ ၏စုပေါင်းနှစ်သစ်ကူးပွဲတော်အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက မိုင်းလင်းကျေးရွာအုပ်စု၊ နားဟိုင်းလုံကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်၌ ဆိုလာအင်ဗာတာလျှပ်စစ်မီးဖြင့် အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား
Feb 17,2026
မန္တလေးတိုင်းဒေသကြီး၊ မဟာမြိုင်(၁)ရပ်ကွက်၊ ၆၆ လမ်း၊ ၄၂×၄၃ လမ်းကြား (၃၂x၅၀)ပေရှိ RC(၃)ထပ် ဆိုလာ အင်ဗာတာလျှပ်စစ်မီးဖြင့် အားသွင်းထားရာမှ အပူလွန်ကဲပြီး (ရွှေရည် Fruit Brand) နေကာလိပ်၊ မိုးကာ၊ ဇာပြာ၊ စိုက်ပျိုးရေးပိုက်မဲနှင့်ပိုက်ဆက်ပစ္စည်း၊ ကြက်ခြံသုံးပစ္စည်းများနှင့် ရောင်းဝယ်ရေး အဆောက်အဦအား ယနေ့နံနက် ၅ နာရီ ၂၀ အချိန်က မီးလောင်းမှု ဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ ဆံတော်ရှင်ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံပြုပြင…
Feb 17,2026
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ ဆံတော်ရှင်ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ယမန်နေ့နံနက်ပိုင်းက ဆံတော်ရှင်ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး သွားရောက်ကြည့်ရှုဖူးမြှော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ ရာသီစာ ဖေါ့ဖူး(ဖေါ့ပွင့်) ခူးချိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ
Feb 17,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် တောင်ကုန်းတောင်တန်းထူထပ်ပေါများပြီး အေးမြစိုစွတ်သောတောင်ပေါ်ဒေသဖြစ်ခြင်း၊ ချောင်းရေ၊ စိမ့်စမ်းရေများပေါများခြင်းတို့ကြောင့် လယ်ယာလုပ်ငန်းများရိတ်သိမ်းပြီးနောက် ယခုအခါ ဆောင်းမှနွေရာသီကာလအကူးအချိန်တွင် အလုပ်အကိုင်များရှားပါးလာသည်နှင့်အားလျော်စွာ မိသားစုအပိုဝင်ငွေရရှိစေရန် စိမ့်စမ်းရေထွက်တလျောက်နှင့် ချောင်းဘေးပတ်ဝန်းကျင်တလျောက်များတွင် သဘာဝအတိုင်းပေါက်ရောက်သည့် ရာသီစာဖေါ့ဖူး(ဖေါ့ပွင့်)များ လိုက်လံချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း ဆောင်ရွက်
Feb 17,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့ က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1359
Page
1360
Page
1361
Page
1362
Current page
1363
Page
1364
Page
1365
Page
1366
Page
1367
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department