မဟာအောင်မြေမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်နိုင်စေရေး ကွင်းဆင်းစစ်ဆေး

မဟာအောင်မြေ ဖေဖော်ဝါရီ ၁၆

မန္တ‌လေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် အတွင်းရှိ စက်သုံးဆီဆိုင်များအား မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေး အတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းမင်းစိုး ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညွန့်ဝင်းအောင်နှင့် တပ်ဖွဲ့ဝင်များမှ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်း၊ အကြံပေးခြင်းလုပ်ငန်းများကို ကွင်းဆင်း‌စစ်ဆေးဆောင်ရွက်ခဲ့သည်။

အောင်ဇော်မင်း