Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြောက်ဥက္ကလာပမြို့နယ်တွင် ဘောလုံးနည်းပြ သင်တန်းဖွင့်လှစ်
Nov 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ လူငယ်များ ဘောလုံးကစားခြင်းကို စနစ်တကျ ရှိစေရန်ရည်ရွယ်၍ မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော MFF.D/ AFC.C လိုင်စင် ဘောလုံးနည်းပြသင်တန်းကို (ည) ရပ်ကွက်၊ ဘုမ္မာ(၁၂)လမ်းတွင် ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးပညာရေးဒီဂရီကောလိပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ/မများ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့…
Nov 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် နိုဝင်ဘာ(၃)ရက်နေ့မှစတင်၍ တိုင်းရင်းသား ဘာသာစကားသင် ဆရာ/မများ အရည်အသွေးမြှင့် အထောက် အကူပြုဆွေးနွေးပွဲသင်တန်း စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့ နံနက်(၉)နာရီတွင် အဆိုပါ သင်တန်းဆင်းပွဲ ကျင်းပရာ သင်တန်းဆင်းပွဲသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်မှ တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင် မြို့တွင် စိုက်ပျိုးရေးတောင်သူများ ပြောင်းဖူးပင် စိုက်ပျိုးခြင်းဖြင့် အဆင်ပြေ
Nov 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အလေးထားလုပ်ကိုင်လျက်ရှိရာ ယခုအခါဒေသခံ တောင်သူများ ပြောင်းဖူးပင် စိုက်ပျိုးခြင်းဖြင့် စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားတက်ရောက်
Nov 25,2022
မွန်ပြည်နယ်တွင် တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ဖော်ထုတ်ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင် ပညာရေးဒီကရီကောလိပ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ရော်ဘာအထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးမြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတက်ရောက်
Nov 25,2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မြန်မာနိုင်ငံ၏ အဓိကစက်မှုကုန်ကြမ်းထွက်ကုန်တစ်ခုဖြစ်သည့် ရော်ဘာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုပေးနိုင်စေရန်ရည်ရွယ်၍ ရော်ဘာအထွက်နှုန်း တိုးတက်ရေးနှင့်အရည်အသွေးမြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ငွေမိုးဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေသတွင်း ငါးစားသုံးမှုဖူလုံရေးနှင့် ရေချိုငါးသားပေါက်များ တိုးပွားစေရေးအတွက် (မေယုမြစ်ဖျား) သဘာဝရေပြင်အတွင်းသို့ ရေချိုငါးသားပေါက်ကောင်ရေ ( လေးသိန်း) စိုက်ထည်…
Nov 25,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွန်မှုနှင့်အညီ ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်များ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းနိုင်စေရေးနှင့် ဝင်ငွေရရှိစေရေးတို့အတွက် မေယုမြစ်ဖျား သဘာဝရေပြင်အတွင်းသို့ နှစ်စဉ် ငါးမျိုးစိုက်ထည့်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ် မျိုးပွားရာသီအတွက် ငါးမျိုးစိုက်ထည့်ပွဲ ကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က ဘူးသီးတောင်မြို့နယ် မေယုမြစ်ဖျား သဘာဝရေပြင်အတွင်းသို့ ငါးမျိုးများ စိုက်ထည့် အခမ်းအနားကို ကိုဗစ်-၁၉ ညွန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြည်သူများလက်ဝယ်အရောက် ဆန်၊ ဆီ၊ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ဖြန့်ဖြူးရောင်းချ
Nov 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ ယမန်နေ့နံနက် ၈ နာရီကစ၍ (၄၇)ရပ်ကွက်၊ ဗညားဒလလမ်းနှင့်ဗိုလ်မြတ်ထွန်းလမ်းထောင့်ရှိ ဓမ္မနီတိဓမ္မာရုံတွင်၌ ဆန်၊ ဆီ၊ ကြက်ဥများအား ညွှန်ကြားချက်များနှင့်အညီ ပြည်သူများအား ရောင်းချပေးခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး တည်းခိုရိပ်သာသို့ မီးဘေး ကွင်းဆင်းစစ်ဆေး
Nov 25,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ တည်းခိုရိပ်သာများသို့ မီးဘေးကွင်းဆင်း စစ်ဆေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၁၀ နာရီ အချိန်က လုပ်ဆောင်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13597
Page
13598
Page
13599
Page
13600
Current page
13601
Page
13602
Page
13603
Page
13604
Page
13605
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department