မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာပေ‌ဆွေးနွေးခြင်းအစီအစဉ်ကျင်းပ

မဟာအောင်မြေ နိုဝင်ဘာ ၂၃

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာပေ‌ဆွေးနွေးခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ သည်။

အဆိုပါ စာပေဆွေးနွေးခြင်းအစီအစဉ်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်နှင့် စာရေးဆရာဦးသိန်းကျော် (လွတ်လပ်ငြိမ်း) တို့က ဆွေးနွေးခဲ့ကြပြီး  ဦးစီးအရာရှိ ဦးဘိုဘိုဟန်က “ဆောင်းပါးဆိုတဲ့အဓိပ္ပါယ်ကို မေးမြန်းဆွေးနွေးရာ စာရေးဆရာ ဦးသိန်းကျော် (လွတ်လပ်ငြိမ်း) က ဆောင်းပါးဆိုတာ စာစီစာကုံးတစ်မျိုးဖြစ်ကြောင်း၊ နိဒါန်း၊ စာကိုယ်၊ နိဂုံးများဖြင့် ရေးသားရကြောင်း၊ အချက်အလက်တွေပေါ်မှာ အခြေခံရေးသား ရကြောင်း၊ အချက်အလက်တွေစုစည်းထားရမယ်၊ အချက်အလက်တွေပြည့်ပြည့်စုံစုံပါရင် ကိုယ်ရေးချင်တဲ့ ဆောင်းပါး၊ ပုံသဏ္ဍန်ကိုမူတည်ပြီး ရေးသားနိုင်ကြောင်း၊ စာစီစာကုံးလို ပြောရင် နိဒါန်းဖြစ်ကြောင်း၊ စာကိုအကျယ်ဖွင့်မယ် ဒါကဘယ်အခြေအနေ ဘယ်အကြောင်း အရာကို အခြေခံသလဲ ဒါတွေးပြည့်စုံရင် နောက်ဆုံးမိမိအာဘော်ကို ထည့်ပေးလိုက်ရင် ဆောင်းပါးကောင်း တစ်ပုဒ်ဖြစ်လာနိုင်ကြောင်း၊ ဆောင်းပါး (၂) မျိုးရှိကြောင်း သုတဆောင်းပါး၊ ရသဆောင်းပါး နစ်မျိုးရှိကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။

ထိုနောက် ဦးစီအရာရှိ ဦးဘိုဘိုဟန်မှ ယခုလိုလာရောက်‌ပြီး စာပေဆွေးနွေးပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ရွှေတိုး