အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့မစည်ပင်သာယာဈေး၌ ယနေ့နံနက် ၁၀ နာရီအချိန်က မီဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
Nov 23,2022
ညောင်ဦး ခရိုင်အတွင်းမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၁၀၈ ဦးအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ  ၁၀၀ ဦးတို့ကို စက်ဘီးအစီးရေ ၁၀၀ စီးနှင့် ငါးပါး သီလဓမ္မဒါနစာအုပ်ရေ ၁၈၀၀ ကျော်လှူဒါန်းခြင်းနှင့် အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမ ၁၆၂၉ ဦးအား ကျောင်းဝတ်စုံများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ယွန်းပညာကောလိပ်တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Nov 23,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းဝင်းနိုင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့ညနေ (၃) နာရီခွဲအချိန်က ဘူးသီးတောင်မြို့ မြို့နယ်လျှပ်စစ်ရုံး၌ လျှပ်စစ်ဝန်ထမ်းများအား မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ပေးခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုတို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 23,2022
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက်ငှားရမ်း ပေးခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ သီပေါမြို့နယ် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့နံနက် ၉ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Nov 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Nov 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် စာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲနှင့် စာကြည့်တိုက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က မော်ပီဆရာသိန်း စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင်တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ် အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာ‌ ရေး၊ကျန်းမာရေးနှင့် ကာကွယ်ရေးစစ်ကြောင်း ဖြင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့်