နမ့်စန်(တ) နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ၊ မြို့နယ်ပညာရေးဌာန နှင့် မြို့နယ် OLD STAR အဖွဲ့တို့ကြီးမှူးကျင်းပသော Smile Place Guest House ဖလား အသက်(၁၄)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၁ ရက်နေ့လည် ၂ နာရီ ခွဲ က အမှတ်(၂)ရပ်ကွက်၊ အထက (နမ့်စန်) ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။
နောက်ဆုံးဗိုလ်လုပွဲအဖြစ် အလက(ခွဲ)တာဆိုင်း ဘောလုံးအသင်းနှင့် အထက(ခွဲ)လေတပ် ဘောလုံးအသင်းတို့ယှဉ်ပြိုင်ခဲ့ရာ အချိန်ပို ပယ်နယ်လ်တီအဆုံးအဖြတ်တွင် အလက(ခွဲ) တာဆိုင်း ဘောလုံးအသင်းက ၉ ဂိုး ၈ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။
ထို့နောက် ညနေ ၅နာရီ ခွဲချိန်တွင် ဆုပေးပွဲကိုဆက်လက်ကျင်းပရာ ရှေးဦးစွာ နေရာအလိုက် အကောင်းဆုံး ဆုရ အားကစားသမားများကို နမ့်စန်မြို့မရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူး ဇော်မင်းထွန်း၊ Smile Place Guest House ပိုင်ရှင် ဦးစန်းယုဆွေနှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ဆက်လက်၍ လူငယ်အတိုးတက်ဆုံး အသင်းဆုရ အထက(ခွဲ)လွယ်ယင်းအသင်းကို ဦးလင်း အောင်ဆွေက ဂုဏ်ပြုဆုငွေ ၁သိန်းကျပ်ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် တတိယဆုရရှိသော အထက(နမ့်စန်)ဘောလုံးအသင်းကို မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က တစ်ဦးချင်းဆုတံဆိပ်ဆွဲပြားများ နှင့် ဆုငွေ ၂ သိန်း ကျပ်ကို ချီးမြှင့်ပေးခဲ့ပြီး ဒုတိယဆုရရှိသော အထက(ခွဲ)လေတပ် ဘောလုံးအသင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇေယျာဟန်က တစ်ဦးချင်းဆုတံဆိပ်ဆွဲပြားများ နှင့် ဆုငွေ ၃ သိန်းကျပ်ကို ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပထမဆုဆွတ်ခူးသွားသော အလက(ခွဲ)တာဆိုင်းဘောလုံးအသင်းကို မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးက တစ်ဦးချင်းဆုတံဆိပ်ဆွဲပြားများ ၊ဆုငွေ (၄)သိန်း ကျပ်နှင့် ပထမဆုဖလားကြီး ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)