အမြို့မြို့အနယ်နယ်သတင်းများ

Feb 21,2026
မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂ဝ၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်တွင် Grade-5၊ Grade-9 စာမေးပွဲဖြေဆိုမည့် ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး တာဝန်ရှိသူများ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့ပေါ်စာစစ်ဌာနများဖြစ်သော အ.ထ.က (၁) နှင့် အ.ထ.က (၂) တို့တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Feb 21,2026
နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်လူရွယ်များ အသိပညာ ဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ဝမ်းတွင်းမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ(Community Centre)ခန်းမတွင် ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပသည်။
Feb 21,2026
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ကကျင်းပရာ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအထောက်အကူပေးရေးအဖွဲ့၊ အဖွဲ့ဝင်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
Feb 21,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်း မီးလောင်မှုမီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ နံနက်( ၉ )နာရီတွင် ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူးလက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်ဦးဆောင်သော ခရိုင်/ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များသည် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ရွှေဘိုမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် (၈) ဆိုင်၏ မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများထားရှိမှုအား စစ်ဆေးပြီး ဆီတင်ယာဥ်များဆီချရာတွင် လိုက်နာရမည့်အချက်များ၊ စက်သုံးဆီများ ရောင်းဝယ်ရာတွင် မီးလောင်မှုမဖြစ်ပွားစေရေး လိုက်နာရမည့်အချက်များကို စစ်ဆေးအကြံပြုခဲ့ပြီး နေအိမ်နှင့် စျေးဆိုင်ခန်းများတွင် စက်သုံးဆီ လက်လီရောင်းချနေမှု များအား စစ်ဆေးကာရောင်းဝယ်မှု တားမြစ်ခဲ့ကြောင်း သိရသည်။
Feb 21,2026
နိုင်ငံတော်အဆင့်ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားနှင့် နေပြည်တော်အဆင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
Feb 21,2026
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မီးဘေးကြိုတင်ဆောင်ရွက်ထားရှိမှုနှင့် ဖြေဆိုကြမည့်အခန်းများ အလင်းရောင် ကောင်းစွာရရှိရေးဆောင်ရွက်ထားရှိမှုတို့အား ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်တာဝန်ရှိသူများ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးသည်။
Feb 21,2026
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မီးလောင်မှု Hotspot အရေအတွက်များပြားနေခြင်းကို လျော့ချနိုင်ရေးနှင့် မီးခိုးငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၀ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာ နဆိုင်ရာများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေ သ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။