ဝမ်းတွင်း ဖေဖော်ဝါရီ ၂၁
နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်လူရွယ်များ အသိပညာ ဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ဝမ်းတွင်းမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ(Community Centre)ခန်းမတွင် ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပသည်။
နွေရာသီကျောင်းပိတ်ရက်များတွင် ပြိုင်ပွဲများကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်အနေဖြင့် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အချိန်ကို အကျိုးရှိရှိ အသုံးပြုတတ်စေရန်၊ နွေရာသီ အားလပ်ရက်များတွင် ပြင်ပဗဟုသုတ၊ အသိပညာ အတတ်ပညာများ တိုးပွားစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်က ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကျင်းပရာ ဆုရရှိသူများကို ဦးစီးအရာရှိနှင့် ဆရာမတို့က အမှတ်တရလက်ဆောင်နှင့် ဆုများချီးမြှင့်ခဲ့ကြသည်။
ဝမ်းတွင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်လူရွယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ သင်တန်းများဖွင့်လှစ်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေလွန်းပျံ