အမြို့မြို့အနယ်နယ်သတင်းများ

Feb 20,2026
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က ထားဝယ်မြို့တော်ခန်းမ(၂)၌ ကျင်းပသည်။
Feb 20,2026
ပွင့်လင်းရာသီကာလအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီး‌ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများကို ယနေ့နံနက်က‌ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 20,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်‌၊ မှော်တောကျေးရွာ၌ ငှက်ဖျားဖြစ်နိုင်‌ခြေရှိသော မိသားစုများ၊ အသက် ၅ နှစ်အောက်ရှိသော မိသားစုဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် (၆၀)နှစ်အထက်ရှိသော မိသားစုဝင်များအား‌ ယမန်နေ့နံနက်က ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဆေးစိမ်ခြင်ထောင်‌‌များပေးခြင်းကို မှော်တောကျေးရွာ၌ ကျင်းပခဲ့‌ကြောင်း သိရသည်။
Feb 20,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် သမဝါယမဦးစီးဌာန၊ သမဝါယမအသင်းစု (လီမိတက်)၏ အစည်းအဝေးခန်းမ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
Feb 20,2026
‎စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် အ.ထ.က (၁)နှင့် အ.ထ.က(၂)တို့တွင် စာ​မေးပွဲမကျင်းပမီနှင့် ကျင်းပနေစဥ်ကာလအတွင်း မီးလောင်၊ မီးလန့်မှုမရှိစေရေးနှင့် မီးဘေးလုံခြုံမှူရှိစေရေးအတွက် ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နံနက် (၁၀) နာရီချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Feb 20,2026
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင်မီးလောင်မှုများ လျော့နည်းကျဆင်းစေရေးနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားပါက အချိန်နှင့်တပြေးညီဆက်သွယ်နိုင်ရေး ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် ဖြန့်ဝေသည်။
Feb 20,2026
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ လူငယ်လူရွယ်များ အသက်မွေးဝမ်းကျောင်း အတတ်ပညာတတ်မြောက်စေရေး၊ မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းမှအထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ နွေရာသီဖိနပ်ချုပ်နည်းသင်တန်း အခမဲ့ဖွင့်လှစ်ခြင်းကို ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၉ နာရီက မြို့နယ်ရုံးလူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပသည်။
Feb 20,2026
သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပမည့် စာစစ်ဌာနများအား ယမန်နေ့မွန်းလွဲပိုင်းတွင် မီးလောင်မှုမီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။