အမြို့မြို့အနယ်နယ်သတင်းများ

Mar 13,2023
တံတားဦးခရိုင် တံတားဦးမြို့နယ် အမှတ်(၂)ရပ်ကွက် နီပါးတန်းရပ်ရှိ ဘေးလုံပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာသာရကို နိုင်ငံတော်မှ သာသနာတော်ဆိုင်ရာ ချီးမြှင့်ပူဇော်သည့် (ဂန္တဝါစကပဏ္ဍိတ)ဘွဲ့တံဆိပ်တော်အား ဂုဏဝိသိဌ ပူဇာသဘင်အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အဆိုပါ ကျောင်းတိုက်တွင် ကျင်းပကြောင်း သိရသည်။
Mar 13,2023
သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန ၁၃၈၄(၂၀၂၃)ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  မြို့နယ်သံဃနာယကဆရာတော်များ၊ ဂိုဏ်းပေါင်းစုံဆရာတော်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁ နာရီက မဟာဓမ္မိကာရာမကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 13,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုထ္ထနေ့တွင် ဓာတုဗေဒဘာသာရပ်ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ စာစစ်ဌာန ၃၉ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၅၄၂၃ ဦးရှိပြီး စာမေးပွဲ စတုထ္ထနေ့တွင် ဓာတုဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၄၉၂၃ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၀ ဒသမ ၇၈ ရာခိုင်နှုန်းရှိကြောင်း နေပြည်တော်ပညာရေးမှူးရုံးမှ သိရသည်။
Mar 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု၊ သံပုရာချောင် ကျေးရွာတွင် ယနေ့နံနက် ၄ နာရီခွဲအချိန်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံး ပြိုကျပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။
Mar 13,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဓာတုဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့စာမေးပွဲဖြေဆို​ပြီးချိန်တွင် ကျောင်းရှေ့၌ အားဖြည့်အချိုရည်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
Mar 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများကို ယနေ့နံနက်(၁၀)နာရီက စတင်၍ ကွင်းဆင်းစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
Mar 13,2023
စဉ့်ကူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ ရက်နေ့မှစတင် ဖြေဆိုလျက်ရှိရာ ယနေ့နံနက်(၉)နာရီမှစ၍ ဓာတုဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆို ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။