စလင်း မတ် ၂၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ နိုင်ငံတာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံဝန်ထမ်းအငြိမ်းစား သက်ကြီးဘိုးဘွားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီအချိန်မှ စတင်ကာ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ပထမနေ့အဖြစ် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ နိုင်ငံတာဝန်ထမ်းဆောင်ခဲ့ကြသည့် သက်ကြီးပင်စင်စားများအား အခက်အခဲမရှိ ပင်စင်များကို ထုတ်ယူနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်နီနီအောင်ကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများက ပင်စင်များထုတ်ယူနိုင်ရန် သက်ကြီးအငြိမ်းစားဘိုးဘွားများအား အကူအညီများပေးလျက်ရှိပြီး စလင်းမြို့နယ်အတွင်း ပင်စင်စားဦးရေ(၂၄၁၁)ဦး၊ နိုင်ငံရေးပင်စင်စား(၂၂၅)ဦး၊ တပ်မတော်အငြိမ်းစားပင်စင်စား(၆၈၉)ဦးနှင့် မြို့ပြပင်စင်စား (၁၄၈၆)ဦးရှိကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းပင်စင်ထုတ်သူဦးရေ (၆၂၃)ဦးတို့အား နံနက် ၇ နာရီအချိန်မှ စတင်ကာထုတ်ပေးလျက်ရှိပြီး နေ့လည် ၂ နာရီအချိန်အထိထုတ်ပေးကြောင်း သိရသည်။ စလင်းမြို့နယ်အတွင်း ပင်စင်စားဦးရေများပြားသည့်အတွက် အုပ်စုများခွဲ၍ ထုတ်ပေးရကြောင်းနှင့် ပင်စင်စားများအနေဖြင့် မတ်လ(၂၁)ရက်မှ မတ်လ(၃၁)ရက်နေ့အထိ အစိုးရရုံးချိန်များတွင် ထုတ်ပေးမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် လာရောက်မထုတ်ယူနိုင်သည့် နိုင်ငံဝန်ထမ်းအငြိမ်းစားပင်စင်စား သက်ကြီးဘိုးဘွားများ၏ ပင်စင်လစာများကို လူမှုရေး၊ စီးပွားရေး၊ ကျန်းမားရေးနှင့် ကုသိုလ်ရေးတို့တွင် အသုံပြုနိုင်ကြစေရန် မြန်မာ့စီးပွားရေးဘဏ်ဂန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများအရောက် သွားရောက်ကာ အိမ်တိုင်ယာရောက်သွား၍ ထုတ်ပေးကြောင်း၊ ရုံးသို့လာရောက်မထုတ်ယူနိုင်သေးသူများကိုလည်း အစိုးရရုံးဖွင့်ရက်များတွင် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်နီနီအောင်ထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)