ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက နယ်လှည့်ဆင်း၍ သုတ/ရသ စာအုပ် စာစောင်များ ငှားရမ်းပေး

ပုလော မတ် ၂၁

သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ် ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်း မရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကို လေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန် တိုးတက်လာစေရေးကို မျှော်တွေး၍ ယမန်နေ့နံနက် ၁၀ နာရီခွဲက ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်း မိသားစုများကို သွားရောက်၍ သုတ/ရသစာအုပ်စာစောင်များကို နယ်လှည့်ကွင်းဆင်း၍ ကွင်းဆင်း ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။

ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် သားသား/မီးမီးအကြိုက် သုတ/ရသစာအုပ် မျိုးစုံစွာဖြင့် ပုလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  စာဖတ်ရှိန်တိုးတက်လာစေရေး နယ်လှည့်ကွင်းဆင်း၍ အပတ်စဉ်နယ်လှည့် ကွင်းဆင်းငှားရမ်း ဆောင်ရွက်ပေးလျက်သည့်အပြင် နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ အတွက် အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ၌  ပုံပြောပြိုင်ပွဲများ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ စိတ်ကြိုက် ပန်းချီ ဆွဲပြိုင်ပွဲများနှင့် အားကစားဆိုင်ရာ ပြပွဲ/ပြိုင်ပွဲများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးမော်(ပုလော)