ကျွန်းလှ မတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)၌ ဖွင့်လှစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အတွင်းရေးမှူး ရဲမှူးလှဌေးတို့က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က မွမ်းမံသင်တန်း ဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းသို့ အထက်တန်းပြ ဆရာ/ဆရာမ ၂၆ ဦး၊ အလယ်တန်းပြ ဆရာ/ဆရာမ ၁၁၀ ဦး၊ စုစုပေါင်း ၂၃၆ ဦးတက်ရောက်ကြပြီး သင်နည်းပြ ၁၅ ဦးဖြင့် မတ်လ ၂၁ ရက်မှ ၂၄ ရက်နေ့အထိ ၄ ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ