အမြို့မြို့အနယ်နယ်သတင်းများ

Jul 03,2025
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဉာဏ်ရည် ဉာဏ်သွေးမြင့်မားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အထွေထွေဗဟုသုတ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နေ့လယ် (၁) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဆိတ်ချေးကုန်းကျေးရွာတွင် မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ခြောက်တန်းသွားကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
Jul 03,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ စားသုံးဆီဝယ်ယူသုံးစွဲရာတွင် အိမ်ထောင်စုတစ်စုလျင် ဆီဝယ်စာအုပ် (၁) အုပ် ပြုလုပ်ပေးထားပြီး ရပ်ကွက်/ ကျေးရွာများတွင် အလှည့်ကျစနစ်ဖြင့် ကျောက်ဆည်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် အသင်းဝင် ဆီအရောင်းအဝယ်ဆိုင်များမှ ယမန်နေ့နံနက်ပိုင်းက ရောင်းချပေးလျက်ရှိကြောင်းနှင့် ဆီဝယ်စာအုပ် (၁) အုပ်လျှင် စားအုန်းဆီ (၂) ပိဿာနှုန်းဖြင့် စားအုန်းဆီ (၃၃၀) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Jul 03,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုရေးဘဏ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့က ဆက်လက်ချေးပေးလျက်ရှိရာ ရပ်ကွက်/ ကျေးရွာ အုပ်စုပေါင်း ခြောက်အုပ်စုမှတောင်သူပေါင်း ၅၀၉ ဦးနှင့်စပါး ၁၆၁၀ ဧကအတွက် စုစုပေါင်းငွေ ကျပ် ၂၄၁ ဒသမ ၅၀ သန်းကို ထုတ်ချေးပြီးဖြစ်ကြောင်း ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
Jul 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြအဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်အဆင့်သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Jul 03,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးဆောင်ရွက်နိုင်ရန် ခရိုင်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက မြို့နယ်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီနှင့် အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 03,2025
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင် (၃) ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ပြီးစီးခဲ့သော မြိတ်တက္ကသိုလ် သုဒဿနဓမ္မာရုံရေစက်သွန်းချ အလှူတော် မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။
Jul 03,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲနှင့် တေးသီချင်းသီဆိုဖျော်ဖြေပွဲများ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်၊ တရားသူကြီးချုပ်နှင့် ဇနီး၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ၊ တိုင်းဒေသကြီး၊ ခရိုင် ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး ကြီးကြပ်မှု အဖွဲ့ဝင်များနှင့် ဆုရကျောင်းသူလေးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။