ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌  အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်

ကလေး ဧပြီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က   အဆိုပါ သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်နှင့် ဦးစီးမှူးဦးထွန်းမင်းအောင်တို့မှ သင်တန်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။  ဆက်လက်၍ သင်တန်းနည်းပြဆရာ ဦးချစ်စိန်(ပင်လုံ)မှ အခြေခံကောက်ကြောင်းရေးဆွဲနည်း၊  အရုပ်ပုံရေးဆွဲနည်း၊ ရှုခင်းပုံရေးဆွဲနည်း စသည့်အခြေခံများကို မိတ်ဆက် ပြောကြားခဲ့ပြီး သင်ကြားမှုစတင်ခဲ့သည်။

အခြေခံပန်းချီရေးဆွဲနည်းသင်တန်းသို့သင်တန်းသား/သင်တန်းသူ ၂၀ ဦးတက်ရောက်ကြပြီး အဆိာပါသင်တန်းကို ဧပြီလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်ဆက်)

ကလေးခရိုင်(ပြန်/ဆက်)