ပုဏ္ဏားကျွန်း ဇွန် ၂၉
ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် လေဘေးသင့်တောင်သူများအတွက် ဖြန့်ချိမည့် စူပါနှံကောက်မျိုးစပါးများ ယမန်နေ့ နေ့လယ်(၁၂)နာရီက ပုဏ္ဏားကျွန်းမြို့သို့ တပ်မတော်မော်တော်ယာဉ်များဖြင့် သယ်ယူရောက်ရှိလာရာ ပုဏ္ဏားကျွန်း မြို့နယ်တာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
အဆိုပါမျိုးစပါးများကို တပ်မတော်မှ နယ်မြေခံလူခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်ပေါ်မှ စူပါနှံကောက် မျိုးစပါး အိတ်(၆၆၇)ကို ထမ်းပိုးကူညီဆောင်ရွက်ပေးနေမှုတို့ကို ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မုန်တိုင်းဘေးဒဏ်သင့်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၁)အုပ်စုသို့ စူပါနှံကောက်မျိုးစပါး (၄၇၅)အိတ် (စပါးတင်း ၇၁၃)တင်းကို ချက်ချင်းဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်ထံမှ သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)