မြင်းခြံမြို့နယ်၏ မဲဆန္ဒရှင်စာရင်းကို ယနေ့အချိန်ထိ ပုံစံ (၃) ဖြင့် လျောက်ထားသူ ၃၂၉၃ ဦးရှိ

၂၀၂၅ ခုနှစ်တွင် ကျင်းမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို မြင်းခြံမြို့နယ်အတွင်းရှိ သတ်မှတ်နေရာ အသီးသီးတွင် ထုတ်ပြန်ကြေညာထားရာ ဒီဇင်ဘာလ ၄ ရက်နေ့အထိ မြင်းခြံမြို့နယ်တွင် မဲစာရင်းမပါသဖြင့် ပုံစံ (၃) ဖြင့် လာရောက်လျှောက်ထားသူ ၃၂၉၃ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မြင်းခြံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် သရုပ်ပြပွဲ အခမ်းအနားပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ မဲပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များတွင် မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

တောင်သာမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သောကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲကို ဒီဇင်ဘာ ၃ ရက်နံနက်ပိုင်းမှ စတင်၍ တောင်သာမြို့ မြို့နယ်အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် သုံးခွမြို့နယ် အ.ထ.က (၁) ကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ချီးမြှင့်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲ‌တော်ကို ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပုလဲရတနာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

တောင်ငူမြို့နယ်၌ ​မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစိစစ်ခြင်း စာမေးပွဲဖြေဆိုပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ထူးချွန်ထက်မြက်သောလူရည်ချွန် ကျောင်းသား/သူများပေါ်ထွက်လာစေရန်၊ တိုင်းပြည်အတွက်အားထားရမည့် အနာဂတ်မျိုးဆက်သစ်များပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစိစစ်​ခြင်းစာမေးပွဲကို ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ တောင်ငူမြို့၊ အ.ထ.က(၄)၌ ကျင်းပလျက်ရှိရာ ယနေ့တွင် စာမေးပွဲ ဖြေဆိုပြီးစီးသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရိုဘတ်စတာကော်ဖီနှင့် ဝဥ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ (၅) ရက်နေ့၊ နံနက်ပိုင်းက ရိုဘတ်စတာကော်ဖီနှင့် ပြည်ပ ပို့ကုန်အမယ်သစ်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ရော်ဘာစိုက်ပျိုးသူလုပ်ငန်းရှင်များ၊ သစ်မာစိုက်ခင်းလုပ်ငန်းရှင်များ၊ နှစ်ရှည်သီးနှံစိုက်ခင်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံအသိပညာပေးအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

မြဝတီမြို့အမှတ်(၂၇၅)ခြေလျင်တပ်ရင်းတွင် အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ အမှတ် (၂၇၅)ခြေလျင်တပ်ရင်းရှိ တပ်မတော်သားများနှင့် တပ်မိသားစုဝင်များအား ၂၀၂၅ ခုနှစ်ပါတီစုံဒီ မိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဥ်း၍ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်း သပ် မဲပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၂၇၅) ခြေလျင်တပ်ရင်းတွင်ပြုလုပ်ခဲ့သည်။

ရေနံချောင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေး‌နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာမူလတန်းကျောင်း (မြို့မ) ၌ ကျင်းပသည်။

ခိုလမ်မြို့၌ ရွေးကောက်ပွဲတွင် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး လှုံဆော်ရေး အစီအစဉ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များကို တာ၀န်ရှိသူများ ပူးပေါင်း၍ အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့သည်။
Subscribe to