ချောက်မြို့ အ.ထ.က(၃)ကျောင်း၌ ကျန်းမာရေးအသိ ပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအားကျန်းမာ ရေးစစ်ဆေးခြင်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ချောက်ခရိုင်၊ ချောက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့်ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းများကို ယမန်‌နေ့နံနက် ၉ နာရီခွဲက အ.ထ.က (၃)ကျောင်း၌ ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်

နေပြည်တော်အသေးစားနှင့် အလတ်စားစက်မှုဇုန် ကြီးကြပ်ရေးကော်မတီဝင်များ၊ စက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံး၌ကျင်းပရာ နေပြည်တော်အသေးစားနှင့်အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဒက္ခိဏသီရိ အသေးစားနှင့်အလတ်စား စက်မှုဇုံစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးသန်းစိုး၊ နေပြည်တော်အသေးစားနှင့်အလတ်စား ကြီးကြပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်သည်။

ခိုလမ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မိဘဆရာအသင်းနှင့် ကျောင်းအကျိုးဆောင် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် မိဘဆရာအသင်းနှင့် ကျောင်းအကျိုးဆောင် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က အ.ထ.က(ခိုလမ်)၊ မြတ်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အင်းစိန်မြို့နယ်တွင် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ ပုံပြော၊ ဉာဏ်စမ်း၊  စိတ်ကြိုက်ပန်းချီပြိုင်ပွဲများနှင့် ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ ပုံပြော၊ ဉာဏ်စမ်း၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲများနှင့် ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အင်းစိန်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စမ်းချောင်းမြို့နယ် အမှတ် (၁၈) အခြေခံပညာမူလတန်းကျောင်း၌ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စေရေး၊ အစားအစာနှင့် တကိုယ်ရေသန့်ရှင်းမှုရှိစေရေး ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ “နတ်သျှင်နောင်”စာကြည့်တိုက် အဆောက်အုံသစ် ဖွင့်ပွဲအခမ်းအနား တက်ရာက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ “နတ်သျှင်နောင်” စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများတက်ရာက်ကြသည်။

တိုက်ကြီးမြို့နယ်၊ အိုင်ကလောင်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးနှင့် မိသားစုဝင်ငွေတိုးပွားလာစေရေးရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အိုင်ကလောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေး ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားရေးစီမံကိန်းဖြင့် ဖွင့်လှစ်သော ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ ငွေဥဒေါင်းခန်းမ၌ ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၌ ၂ဝ၂၅ ခုနှစ် “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၌ ၂ဝ၂၅ ခုနှစ်၊ “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ မြန်မာနိုင်ငံစာရေးဆရာအသင်းမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ တက္ကသိုလ်/ကောလိပ်အသီးသီးမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးမှ အရပ်ဖက်အမျိုးသမီးအဖွဲ့အစည်းများဖြစ်သည့် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊  အမျိုးသမီးနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအဖွဲ့၊ အမျိုးသမီးများအရေး ဆောင်ရွက်နေကြသော အမျိုးသမီးအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား လွိုင်ကော်တွင် ကျင်းပ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးမီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
Subscribe to