ဒေးဒရဲမြို့၌ ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်​ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ မှတ်ပုံတင်မရှိသူပြည်သူများအား ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ယမန်နေ့မွန်းလွဲပိုင်းက One Stop Serviceဖြင့် သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို)အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို) အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် ကျင်းပခဲ့သည်။

ကသာမြို့နယ်၌ မဲစာရင်းမှန်ကန်မှုရှိစေရေး door to door စနစ်ဖြင့် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များသို့ ဒုတိယအကြိမ် ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းနှင့် မြေပြင်စာရင်း မှန်ကန်မှုရှိစေရေးအတွက် တာဝန်ရှိသူများမှ နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဒီဇင်ဘာ ၅ ရက်နေ့အထိ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်နေကြောင်း သိရသည်။

ပေါင်မြို့နယ် (အ.ထ.က) မုတ္တမကျောင်း၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ပြုလုပ်

မွန်ပြည်နယ်၊ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ပေါင်မြို့နယ် (အ.ထ.က) မုတ္တမကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့နယ် နောင်ကုလားအလယ်ရွာကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက သထုံမြို့နယ်၊ နောင်ကုလားအလယ်ရွာ အခြေခံပညာမူလတန်း‌လွန်ကျောင်း၌ ဆောင်ရွက်ခဲ့ကြ‌သည်။

မုဒုံမြို့၌ “မိမိဘဝတိုးတက်ဖို့ စာဖတ်ကြပါစို့” ခေါင်းစဥ်ဖြင့်လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီက မိမိဘဝတိုးတက်ဖို့ စာဖတ်ကြပါစို့ ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်းကိုကျင်းပသည်။

လဲချားမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့နယ်တွင် ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပခဲ့သည်။

ကြံခင်းမြို့နယ်၊ အ​ခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကျွန်းပုလု၌ လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ​ခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကျွန်းပုလုတို့ပူးပေါင်း၍ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ​ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိစုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပေါင်းတည်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ ကြီးမှူး၍ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ ကြီးမှူးကျင်းပသော အပတ်စဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

မုံရွာမြို့၌ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များဖြန့်ဝေ၊ မော်တော်ယာဉ်များအား စတစ်ကာများကပ်ခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လှုံ့ဆော်ရေးအစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် မော်တော်ယာဉ်များအား စတစ်ကာများ လိုက်လံကပ်ထားပေးခြင်းကို တိုင်းဒေသကြီး/ခရိုင် အဆင့်ဌာနဆိုင်ရာ တာ၀န်ရှိသူများပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to