ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်

ညောင်လေးပင် ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို) အလုပ်အမှုဆောင်၊ မြို့နယ်စာရေးဆရာအသင်း (နာယက) ဒေါက်တာမြင့်သန်း (ညောင်လေးပင်) က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးလှမြင့် (လှမြင့်ဦး-ညောင်လေးပင်) နှင့် စာရေးဆရာအသင်းအဖွဲ့ဝင် ဦးဌေးနိုင်(ဌေးနိုင်-ဗန်ဒါ- ညောင်လေးပင်) နှင့် စာရေးဆရာအသင်းအဖွဲ့ဝင် ဦးစိုးဝင်း (ညောင်လေးပင်) တို့မှ မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ပြီး လာမည့်နွေရာသီကာလတွင် အခြေခံပန်းချီသင်တန်းနှင့် ကွန်ပျူတာသင်တန်း ဖွင့်လှစ်သွားရန်ရှိကြောင်း စသည့်အကြောင်းအရာများအား ဆွေးနွေးပြောကြားသွားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော စာရေးဆရာအသင်းအဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးသွားခဲ့ကြပြီး မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို) အလုပ် အမှုဆောင်၊ မြို့နယ်စာရေးဆရာအသင်း (နာယက) ဒေါက်တာမြင့်သန်း (ညောင်လေးပင်) မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)