မြောက်ဥက္ကလာပမြို့နယ်တွင် ဦးတည်အုပ်စုများအအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer JN1 ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer)JN1 ထိုးနှံပေးခြင်းကို  ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်

ပျော်ဘွယ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ (ရွှေပြည်ရန်နိုင်) တွင် ပြုလုပ်ခဲ့သည်။

နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများအား ဇွန်လနောက်ဆုံးပတ်မှစတင်၍ နမ့်စန်မြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုတတ်သော အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်အတွက်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို  ယမန်နေ့မွန်းလွဲ ၁ နာရီက မိုင်းလပ်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်နည်း သရုပ်ပြခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှဦးဆောင်၍ အမှိုက်များစွန့်ပစ်ရာတွင် စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန်ရည်ရွယ်၍ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နည်းသရုပ်ပြခြင်းကို ယမန်နေ့မွန်းတည့် ၁၂ နာရီက အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

လေးမျက်နှာမြို့နယ်တွင် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုး‌ရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ ကမ္ဘာ့‌‌ကျေးလက်ဖွံ့ဖြိုး‌ရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ‌‌လက်သမားကရင်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။

ကော့မှူးမြို့ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ‌အ‌သိပညာ‌ပေး ဟောပြော‌

လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အခြေခံပညာအလယ်တန်းကျောင်းပိန္နဲကုန်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မုံရွာ)တွင် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးဇာတ်တိုက် လေ့ကျင့်မှုဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မုံရွာ)တို့ ပူးပေါင်းပြီး တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရေး အထူးအလေးထား အရှိန်အဟုန်မြှင့် အစဥ်သတိမူကာ ပူးပေါင်းဆောင်ရွက်တက်စေရေးနှင့်ဆောင်ရန်၊ ရှောင်ရန်တို့အား မှတ်သားလိုက်နာပြီး အချင်းချင်း ရိုင်းပင်ကူညီတတ်စေရေးတို့အတွက် ရည်ရွယ်ပြီး အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးဇာတ်တိုက်လေ့ကျင်မှုကို ယနေ့နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းရှိ ၅ ထပ်အဆောင်ခန်းမတွင် ကျင်းပခဲ့သည်။

စေတုတ္တရာမြို့နယ်တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန် ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်း အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အခြခံပညာအထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

နတ်မောက်မြို့၌ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနက ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် (မြို့နယ်အဆင့်)ကို ယနေ့နံနက် ၈ နာရီအချိန်က နတ်မောက်မြို့ ရန်အောင်မြင်ရပ်ကွက် ကိုယ်ထူကိုယ်ထအခြေခံပညာမူလတန်းကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to