ဖောင်းပြင်မြို့၌ ဒို့အတူတူ မဲ ပေးကြမည် လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲ အောင်မြင်ရေး လှုံ့ဆော်မှုဖြစ်သည့် ဒို့အတူတူ မဲပေးကြမည် လက်ကမ်းစာစောင် များဖြန့်ဝေခြင်းကို‌ ယနေ့နံနက်(၈)နာရီအချိန်က လူစည်ကားရာဖောင်းပြင်မြို့၊ မြို့လယ်လမ်း ဆုံနေရာ၌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်းပြီး မုန့်ပေါင်းကျေးရွာ “အလင်းသစ်” စာကြည့်တိုက်၌ အသိပညာပေးဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲအား ဆက်လက်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲ (တတိယမြောက်နေ့) အဖြစ် မြို့နယ်ပညာရေးမှူးမှ ကြီးမှူး၍ ငါန်းဇွန်မြို့၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့မအားကစားကွင်း၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ယနေ့နံနက် (၇) နာရီမှစ၍  ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းများကို ယှဉ်ပြိုင်ရွေးချယ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်၌ သဘာ၀ဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ သဘာ၀ဘောအန္တရာယ်ကြိုတင်ကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲကို ယမန်‌‌နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

တောင်သာမြို့နယ်၌ မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့်ဌာနဆိုင်ရာများသို့ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များအား ဖြန့်ဝေ

တောင်သာမြို့နယ်၌ မကြာမီကျင်းပတော့မည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်(၆) ရပ်ကွက်၊ ဌာနဆိုင်ရာများအားလုံး၊ မြို့တွင်းရှိဈေးဆိုင်များထံသို့ ဒီဇင်ဘာလ ၅ ရက်နေ့ ဒို့အတူတူမဲပေးကြမယ် အသိပညာပေးနှိုးဆော်သည့် လက်ကမ်းစာစောင်များအားဖြန့် ဝေပေးလျက်ရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် အမှတ် (၃) အခြေခံပညာမူလတန်းကျောင်း၌ မီးဘေးလုံခြုံ‌‌ရေး အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီး တံခွန်မြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့်မီးလောင်မီးလန့်မှုများ မဖြစ်ပွား၊ မပေါ်ပေါက်စေရေးအတွက် ယနေ့ နံနက်ပိုင်းက စတင်ကာ အမှတ် (၃) အခြေခံပညာမူလတန်းကျောင်း၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ်တွင် တိုင်းရင်းဆေးဖြင့် ဆေးကုသပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် တိုင်တိုင်းရင်းဆေးကုဌာနမှ (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောင်းရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဒီဇင်ဘာ ၅ ရက်နံနက် ၉ နာရီ အချိန်က ပေါက်မြိုင်ကျေးရွာတွင် ကုသ‌ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့၏ (၃၁) ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

နိုင်ငံသံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့၏ (၃၁) ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ သပြေညိုကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ သပြေညိုကိုယ်ပိုင်အထက်တန်းကျောင်း၌ ဗလငါးတန်နှင့် ပြည်စုံစေသည့် ကျောင်းသား/ကျောင်းသူများဖြစ်လာစေရန် ယနေ့နံနက် ၁၀ နာရီက လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ချမ်းမြသာစည်မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ‌ခြေခံပညာဦးစီးဌာန၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊‌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း ဇဗ္ဗူတမ္ပခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to