ဒလမြို့နယ် သမိုင်းဝင်ကျိုက်ဓနုတ်ဆံတော်ရှင်စေတီတော်မြတ်ကြီး၌ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ တွံတေးခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် ဒလမြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ စုပေါင်း၍ ဓနုတ်စံပြကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ကျိုက်ဓနုတ်ဆံတော်ရှင်စေတီတော်မြတ်ကြီး၌ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။