မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် ကျောင်းများနှင့် နေအိမ်များ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေး

မိုးညှင်း ဖေဖော်ဝါရီ ၂၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် အခြေခံပညာအထက်တန်းကျောင်းများနှင့် အနီးပတ်ဝန်ကျင်ရှိ လူနေအိမ်များအား မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းက မီးသတ်ဦးစီးဌာနမှ ဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်မီးသတ်ဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် မိုးညှင်းမြို့နယ် အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် အခြေခံပညာအထက်တန်းကျောင်းများနှင့် အနီးပတ်ဝန်းကျင် လူနေအိမ်များတွင် မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ် အသိညာပေးဟောပြောခြင်းများ၊ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများနှင့် မီးသတ်ဆေးဘူးများ လိုက်လံစစ်ဆေးဆောင်ရွက်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှိုင်းကိုကို ဦးဆောင်သည့်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာများတို့နှင့်အတူ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း