ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးဆွေးနွေးပွဲကျင်းပ
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့၌ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းပြီး ဘေးကင်းလုံခြုံသည့် ရန်ကုန်မြို့တွင်း ဘတ်စ်ကားဝန်ဆောင်မှုတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)နှင့် အမှတ်(၂၅) ယာဥ်ထိန်းရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းများမှ စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။