စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးကွင်းသရုပ်ပြပွဲ အခမ်းအနားနှင့် ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားတက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် သြဂုတ်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ ကုန်းကျေးရွာရှိ စနစ်ကျလယ်ယာမြေဧက ၁၀၀ တွင် ကျင်းပပြုလုပ်သော မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးကွင်းသရုပ်ပြပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။