ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ် နယ်စပ်မြို့ဖြစ်သော မူဆယ်မြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ယခုကာလ ဝါဆို၊ ဝါခေါင်၊ တော်သလင်းလတို့ အတွင်း နွေရာသီအကုန်(မိုးဦး)ကာလတွင် ရာသီပေါ်မြှစ်များနှင့် ဝါးပင်အခြေ၌ ပေါက်ရောက်သော ဝါးရုံမှိုများအပြင် တောင်ပေါ်ဒေသနှင့် မြေပြန့် အညာဒေသတို့တွင် ဒေသမရွေးပေါက်တတ်သော ရာသီပေါ်မှို(ငှက်စွေမှို)များ ပေါက်ရောက်သည့် ရာသီချိန်ဖြစ်၍ မြို့မဈေးကြီးနှင့် ကချင်ဈေး၊ ညနေဈေးတို့တွင် လာရောက်ရောင်းချကြပြီး ဈေးကောင်းသော်လည်း ရောင်းအားကောင်းကြောင်း သိရသည်။