ကရသူရိ မတ် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးနှင့်အတူ ဘုတ်ပြင်းမြို့ စာစစ်ဌာန၌ မတ်လ ၁၁ရက် နံနက် ၉နာရီတွင် မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ(၇)ဦးရှိပြီး ဘုတ်ပြင်းမြို့ စာစစ်ဌာနတွင် ဖြေဆိုရကြောင်းနှင့် အဆိုပါ ကျောင်းသား၊ ကျောင်းသူများ အောင်မြင်စွာဖြေဆိုနိုင်ရေး ဆရာ/ဆရာမများနှင့် ကျောင်းသား မိဘများက ဝိုင်းဝန်းကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)