နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်း၊ ဆောင်းပါးပြိုင်ပွဲများ ဝင်​ရောက်ယှဥ်ပြိုင်

ချောက် သြဂုတ် ၂၉

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်​နေ့တွင် ကျ​ရောက်မည့် “နိုင်ငံတကာစာတတ်မြောက်ရေး‌နေ့” အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ကာတွန်း၊ ပန်းချီ၊ ဆောင်းပါးပြိုင်ပွဲများကို “ဗလငါးတန်ပြည့်စုံဖို့ စာတတ်မြောက်အောင်သင်ယူစို့” ခေါင်းစဥ်ဖြင့် မကွေးတိုင်းဒေသကြီး၊ ​ချောက်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲတွင် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ကာတွန်း၊ ပန်းချီ၊ ဆောင်းပါးပြိုင်ပွဲ (၆) မျိုး ကျင်းပပြုလုပ်ခဲ့ပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်အလိုက်​ ပြိုင်ပွဲများနှင့် ဆရာ၊ ဆရာမများ၊ ပညာ​ရေးဝန်ထမ်းများမှ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ (၂) မျိုး ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်အဆင့်ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများနှင့် ပညာ​ရေးဝန်ထမ်းများ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး   ချောက်မြို့နယ်မှ (၄၅) ဦး၊ ရေနံချောင်းမြို့နယ်မှ (၁၂၄) ဦး စုစုပေါင်း (၁၆၉) ဦး ဝင်​ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)