ကော့ကရိတ် သြဂုတ် ၂၉
လူငယ်များ ဘတ်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံရေး၊ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရေး၊ ဝိုင်းဖွဲ့ ဦးဆောင်ဆွေးနွေးသည့် အလေ့အထများရရှိစေရေး၊ ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း (သရဖီခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပညာရေးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး(စီမံဘဏ္ဠာ) ဒေါ်နန်းနှင်းဆီညွှန့်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးခြင်းသည် လူငယ်များအနေဖြင့် အသိပညာ ဗဟုသုတများရရှိစေရေး လူအများရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့်သတ္တိရှိစေရေး ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း ဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဒုတိယဦးစီးမှူး ဒေါ်သင်းမြတ်သော်ကက ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်၍ ကျောင်းသား/သူများဖြစ်ကြသော မအေးချမ်းစံက လူငယ် နှင့်မူးယစ်ဆေး၊ မောင်ရွှေဘိုမြစ် ကလူငယ်နှင့်ကျန်းမာရေး၊ နန်းချိုဝေလွှင်က လူငယ်နှင့်ပညာ မယွန်းအိဟန်သီက လူငယ်နှင့်အားကစား၊ နန်းဝါဝါဝင်းကလူငယ်နှင့်အနုပညာ စသည့်ခေါင်းစဉ်များဖြင့် ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသားကျေင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ဆရာ/ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ( ၃၀၀)ဦး၊ စိတ်ပါ ဝင်စားစွာဖြင့် တက်ရောက်ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)