သရက်မြို့၌ ငလျင်ဘေးအန္တရာယ် အသိပညာပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မန္တလေးငလျင်ကြီး လှုပ်ခတ်မှု (၁)နှစ်ပြည့် အသိပညာပေးလှုပ်ရှားမှုအနေဖြင့် ငလျင်ဘေးအန္တရာယ်အသိပညာပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်(၉)နာရီကစတင်၍ သရက်မြို့အတွင်းရှိ ဇော်ဂျီရပ်ကွက်၊ ပြည်တော်အေးရပ်ကွက်၊ ရုံးရပ်ကွက်၊ အနောက်ရပ်တောင်ပိုင်းရပ်ကွက်၊ အနောက်ရပ်မြောက်ပိုင်းရပ်ကွက်၊ တောင်မင်းတည်းရပ်ကွက်၊ မြောက်မင်းတည်းရပ်ကွက်၊ ဈေးရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန၌ (Youth Club)အဖွဲ့ဖြင့် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် " ရိုးရိုးကျင့်မြင့်မြင့်ကြံ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို မတ်လ ၁၈ ရက်နေ့ မွန်းလွဲ (၁၄) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ဖျာပုံမူလတန်းကြိုကျောင်း၌ ပဒေသာကပွဲနှင့် ECCD Certificate ပေးအပ် ချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ဖျာပုံမူလတန်းကြိုကျောင်း၌ ပဒေသာကပွဲနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ECCD Certificate ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် နွားနို့ဈေးကောင်းရ၍ ရောင်းအားကောင်းသဖြင့် မိသားစုအပိုဝင်ငွေများ တိုးပွားရရှိ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် ဗမာနို့စားနွားမွေးသူတောင်သူ ဦးကြီးများအနေဖြင့် ယခုနှစ် ၂၀၂၆ ခုနှစ်တွင် ဗမာနို့စားနွားမများမွေးမြူကြရာ နွားနို့ဈေးများ ကောင်းမွန်ကာ ဝယ်လိုအားကောင်းသဖြင့် ရောင်းအားကောင်းကာ မိသားစုအပိုဝင်ငွေများ တိုးပွားလျက်ရှိကြောင်း သိရသည်။

ပန်ဆောင်မြို့၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၇၅ ရာခိုင်နှုန်းခန့်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ လမ်းဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ပန်ဆောင်မြို့ဈေးရှေ့၌ ကွန်ကရစ်လမ်းခင်းနေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ စက်ရုံအလုပ်ရုံများ၊ စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေးစစ်ဆေး

မန္တလေးတိုင်း‌ဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မပေါ်ပေါက်စေရေးအတွက် ယနေ့နံနက်ပိုင်းကစတင်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းရင်းသားရေးရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးပွဲနှင့် ကျောင်းဆောင်သစ်ဖွင့်ပွဲတက်ရောက်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအစည်းအဝေးခန်းမ၌ တိုင်းရင်းသားရေးရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့က တာဝန်ရှိသူများက မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဖာလိုင်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးငယ်များစာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆိပ်ဖြူမြို့နယ် ပြည်သူ့ဆေးရုံအတွက် (၂၇၃)သိန်းကျပ် ကျော်တန်ဖိုးရှိ ဆေးကုသမှုအသုံးပြုစက်ပစ္စည်းများနှင့် မွေးကင်းစကလေးငယ်များ အသုံးပြုပစ္စည်းများ လှူဒါန်း

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ပြည်သူ့ဆေးရုံကုသရေးဦးစီးဌာနသို့ ဝေါဗွီးရှင်း(မြန်မာ) ဒေသဖွံ့ဖြိုးရေး ဆိပ်ဖြူမြို့နယ်ရုံးက (၂၇၃)သိန်းကျပ်ကျော်တန်ဖိုးရှိ ဆေးကုသမှုအသုံးပြုစက်ပစ္စည်းများနှင့် မွေးကင်းစကလေးငယ်များ အသုံးပြုပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ကြောင်း သိရသည်။
Subscribe to