ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန် စာအောင်သံဃာတော်တို့အား အောင်လက်မှတ်ဆက်ကပ်ပွဲ၊ စူဠဘွဲ့နှင်းသဘင်အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ အစိုးရဓမ္မာစရိယနှင့်ပါဠိ ပထမပြန်စာအောင်သံဃာတော်တို့အား အောင်လက်မှတ်ဆက်ကပ်ပွဲ၊ စူဠဘွဲ့နှင်းသဘင်အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို မတ်လ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီ အချိန်က အမှတ် (၁၀)ရပ်ကွက်ရှိ ဘုရားဖြူကျောင်းတိုက်တွင် ကျင်းပခဲ့ရာ အခမ်းအနားကို “နမော တဿ” သုံးကြိမ် သံပြိုင်ရွတ်ဆိုပူဇော်ကာ အခမ်းအနားဖွင့်လှစ်ပြီး နိုင်ငံကျော်အဆိုတော် ဝိုင်းလမင်းအောင်က ထူးမခြားနားသီချင်းခံသုံးပိုဒ်ဖြင့် သီဆိုပူဇော်ခဲ့ပြီးနောက် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က ဘုရားဖြူကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသထံမှ ငါးပါးသီလတရားတော်ကိုခံယူပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဇျာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်ကို နာယူကြသည်။

ဖြူးမြို့နယ် မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်၌ ဗုဒ္ဓဘာသာယဥ်ကျေးမှု သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကျောင်းသားအရွယ်ကလေးသူငယ်များ ယဥ်ကျေးသိမ်မွေ့စေရန်ရည်ရွယ်၍  ဖြူးမြို့နယ် မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်၌ ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တအဂ္ဂဝရကြီးမှူး၍ဖွင့်လှစ်သော ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို  မတ်လ (၂၁) ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၈၁) နှစ်မြောက် တပ်မတော်နေ့အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် မတ် ၂၀ ရက် မွန်းတည့် ၁၂ နာရီအချိန်က ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင်  စာပေဥယျာဉ် Book Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက  Book Club အဖွဲ့ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပသည်။

ဓနုဖြူမြို့နယ်တွင် ယဥ်ကျေးလိမ္မာသင်တန်းနှင့် ပန်းပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပညာရေးဌာနနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းတို့မှ ဦးစီးသော နွေရာသီမူလတန်းအဆင့် ယဥ်ကျေးလိမ္မာသင်တန်းနှင့် ပန်းပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို မတ် ၂၁ ရက်နေ့ နံနက် ၁၁နာရီအချိန်က အလမျိုးကျေးရွာအုပ်စုရှိ အ.ထ.က(အလမျိုး)ကျောင်း၌ ကျင်းပသည်။

သံဖြူဇရပ်၌ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

မတ် ၂၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားကို မတ် ၂၁ ရက် နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ မြမာလာကျေးရွာ၊ ဗုဒ္ဓရပ်ကွက်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

သာစည်မြို့နယ်၌ တောင်သူများအား မျိုးကောင်းမျိုးသန့်မျိုးစေ့ ထောက်ပံ့ပေးပြီး ဆီထွက်သီးနှံဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်း ပို့ချ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအား မျိုးကောင်းမျိုးသန့်မျိုးစေ့ ထောက်ပံ့ပေးပြီး ဆီထွက်သီးနှံဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်းပို့ချခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ် စည်ပင်သာယာခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

မိုးကောင်းမြို့၌ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အခမ်းအနားကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမှူးကျင်းပသည့် “သစ်တောများနှင့်စီးပွားရေး” ဆောင်ပုဒ်ဖြင့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မတ်လ(၂၁)ရက် နံနက်(၁၀)နာရီတွင်ကျင်းပသည်။

ပေါင်းတည်၌ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မတ်လ ၂၀ ရက်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာဦးစီးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ် ခင်ရှည်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း (၁၁) ကြိမ်မြောက် ချေးငွေထုတ်ချေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ချင်းခင်ကျေးရွာအုပ်စု၊ ခင်ရှည်ကျေးရွာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ မြစိမ်းရောင်စီမံကိန်းချေးငွေ (၁၁) ကြိမ်မြောက် ချေးငွေထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to