ကယားပြည်နယ်ဝန်ကြီးချုပ် ကယားပြည်နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ဝတ်စုံနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ကယားပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ဝတ်စုံနှင့်အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

လယ်ဝေးမြို့နယ်၊ ကွမ်းခြံကျေးရွာ၊ အခြေခံပညာအထက်တန်း​ကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကွမ်းခြံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ( ခွဲ) တွင် ယမန်နေ့မွန်းလွဲ (၁) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။

အောင်လံမြို့နယ် ကျေးရွာများတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများ ထိခိုက်ပျက်စီးဆုံးရှုံး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဇူလိုင် ၁၂ ရက်နေ့မှစတင်၍ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် တောင်သူများစိုက်ပျိုးထား သည့်သီးနှံများ ပျက်စီးဆုံးရှုံးမှုရှိကြောင်း သိရသည်။

မိုင်းပန်မြို့နယ်၌ စာမေးပွဲအောင် သံဃာတော်များအား စာအောင်ဆုချီးမြှင့်ပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် စာမေးပွဲတွင် အောင်မြင်ခဲ့သော သံဃာတော်များအား စာအောင်ဆုချီးမြှင့်ပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို မွေတော်ပရိယတ္တိစာသင်တိုက်၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဆီဆိုင်မြို့နယ်တွင် ပြည်သူလူထုများ ပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်းနှင့် အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သစ်တောလုပ်ငန်းများတွင် ပြည်သူလူထုများ ပိုမိုတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ပါလောပါကယ်ကျေးရွာအုပ်စု၊ နောင်အယ်ကျေးရွာရှိ လောကဟိတဘုန်းတော်ကြီးသင် ပရဟိတကျောင်း၌ ပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရွှေတောင်မြို့မစျေးအတွင်း ရေဝင်ရောက်ရှိ၍ ခေတ္တယာယီစျေးပြောင်းရွှေ့

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရွှေတောင်မြို့မစျေးအတွင်းရေဝင်ရောက်ရှိ၍ ခေတ္တယာယီစျေးပြောင်းရွှေ့ထားရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးဗီနိုင်းများချိတ်ဆွဲခြင်း၊ လက်ကိုင်စပီကာများဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်း၊ ရေလှောင်ကန်များတွင် ကလိုရင်းဆေးခတ်ပေးခြင်း၊‌ သောက်သုံးရေများတွင် ရေသန့်စင်ဆေးပြားခတ်ပေးခြင်းများကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ဈေးများ၊ ၀န်ထမ်းမိသားစုလိုင်းခန်းများ၊ အခြေခံပညာကျောင်းများ၊ လမ်းဘေးဈေးများ စသည့် ပြည်သူများစုဝေးရာနေရာများတွင် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်မြို့အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိသော အိမ်ထောင်စုများအား နီးစပ်ရာဓမ္မာရုံနှင့် ဘုန်းကြီးကျောင်းများသို့ ယာယီပြောင်းရွှေ့ထားရှိ

ပြည်မြို့အတွင်း ဇူလိုင်လ ၁၅ ရက်နေ့ နေ့လယ်(၁)နာရီအချိန်ခန့်အထိ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ရှိ နဝင်းရပ်ကွက်၊ ပြည်သာယာရပ်ကွက်၊ ကုန်းသာလင်းကျေးရွာအုပ်စု၊ ဇလုံကျေးရွာအုပ်စု၊ အနောက်လက္ခုပ္ပင်ကျေးရွာအုပ်စု၊ ငါးရွာကျေးရွာအုပ်စုများရှိ နေအိမ်များသို့ မြစ်ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်၊ ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်စာစောင်ပြပွဲကျင်းပ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်၊ ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်စာစောင်ပြပွဲကျင်းပ ဟိုပုံး ဇူလိုင် ၁၈ ပအိုဝ်းဒေသ (ပြန်/ဆက်)
Subscribe to