ပန်းတနော်မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် နေအိမ် (၂၃)လုံးတို့အား ဘေးလွတ်ရာသို့ပြောင်းရွေ့
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ယမန်နေ့မွန်းလွဲ ၄ နာရီက ဘဝိုင်းကျေးရွာအုပ်စု၊ လက်ပန်တန်းကျေးရွာတွင် ရေဝင်ရောက်မှုဖြစ်ပွားခဲ့ရာ ရေနစ်မြုပ်သည့် နေအိမ်(၂၃)လုံးတို့အား တာဝန်ရှိသူများက ဘေးလွတ်ရာသို့ ပြောင်းရွေ့ပေးခဲ့ကြောင်း သိရသည်။