ဒလမြို့နယ် အမှတ်(၁၁)အခြေခံပညာမူလတန်းကျောင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အမှတ်( ၁၁) အခြေခံပညာမူလတန်းကျောင်း မျိုးမြန်မာခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခေနာင်တို မြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ မြို့နယ်ရပ်ကွက်များအလိုက် ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

အုတ်ဖိုမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်

ကျန်းမာတက်ကြွသောလူကြီးဘဝကို ဖြတ်သန်းနိုင်စေရန်ရည်ရွယ်၍ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပေါင်းတည်၌ ပလပ်စတစ်ကြွပ်ကြွပ်အိတ် လျှော့ချသုံးစွဲရေးနှင့် ယာယီစျေးသည်များ စည်းကမ်းတကျ ရောင်းချရေးကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်​နေ့ကမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် စည်ပင်သာယာရေး စျေးများအတွင်း ပလပ်စတစ်(ကြွပ်ကြွပ်အိတ်) သုံးစွဲမှုလျော့ချရေး Campaign တိုးမြှင့်ဆောင်ရွက်ခြင်း၊ မြို့ပြင်ကားလမ်းဘေးယာယီစျေးသည်များ စည်းကမ်းတကျရောင်းချနိုင်ရန် ကြီးကြပ်ခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်၊ ကျောက်တောင်ကျေးရွာ ဖောင်တော်ဦးစခန်း၌ မြေနိမ့်ကော်ဖီ (ရိုဘတ်စတာ) စုပေါင်းစိုက်ပျိုး

ကရင်ပြည်နယ်အတွင်း ကော်ဖီစိုက်ပျိုးဧက (၁၀၀၂၉)ဧကမှ ကော်ဖီအစေ့အဆံတန်ချိန် (၂၁၂၂၉ ဒဿမ၆) တန်ခန့်ထွက်ရှိပြီး ကမ္ဘာ့ကုန်သွယ်မှုပမာဏအရ ရောင်းဝယ်မှုအများဆုံးစာရင်းတွင် ပါဝင်သော ဈေးကွက်ဝယ်လိုအားကောင်းသည့် ကော်ဖီသီးနှံကို ယခုနှစ်တွင် ကရင်ပြည်နယ်၌ ဧက ၁၀၀၀ တိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်၊ တာပေါင်ကျေးရွာအုပ်၊ ကျောက်တောင်ကျေးရွာ၊ ဖောင်တော်ဦးစခန်း၌ မြေနိမ့်ကော်ဖီ (ရိုဘတ်စတာ)ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ကယားပြည်နယ်အစိုးရအဖွဲ့မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်နှင့် စပါးတိုက်ရိုက်အစေ့ချကိရိယာဖြင့် စိုက်ပျိုးသရုပ်ပြခြင်းအခမ်းအနား ကျင်းပ

၂၀၂၄ ခုနှစ် ကယားပြည်နယ်အစိုးရအဖွဲ့ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်နှင့် တောင်သူများအား မျိုးစပါး၊ ယူရီးယားမြေဩဇာ၊ စပါးတိုက်ရိုက်အစေ့ချကိရိယာ (Drum Seeder) အခမဲ့ပေးအပ်ထောက်ပံ့ခြင်းနှင့် သရုပ်ပြအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့တွင် ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။

ကျိန္တလီမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show )ကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့ သမိုင်းဝင်မဟာဓမ္မရာဇိကရွှေမြင်တင်စေတီတော်၏ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင်လှူပူဇော်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ သမိုင်းဝင်မဟာဓမ္မရာဇိကရွှေမြင်တင်စေတီတော်၏ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့အား တင်လှူပူဇော်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၁ဝ မိနစ်အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ရှိ ဝဥစိုက်တောင်သူများ ဝဥပေါ်ချိန်တွင် စျေးကောင်းရရန်မျှော်လင့်

ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့သည် လယ်ယာစိုက်ပျိုးရေးအပြင် ဒေသတွင်းစိုက်ပျိုးရေးတစ်ခုဖြစ်သည့် ဝဥစိုက်ပျိုးခြင်းအား ယနေ့အချိန်တွင်  တစ်ပိုင်တစ်နိုင်သာမက စျေးကွက်စီးပွားရေးအဖြစ်သို့ အသွင်ကူးပြောင်းစိုက်ပျိုးလျက်ရှိ‌ကြောင်း သိရသည်။
Subscribe to