ပဲခူး ဇူလိုင် ၃၀
ပဲခူးမြို့နယ်၌ မိုးရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှုများကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၃၇) ကျောင်းကို ယနေ့မှစတင်၍ ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြစ်ရေတက်မှုကြောင့် အ.ထ.က(ခွဲ) (ပန်းလှိုင်)၊ အ.ထ.က(ထန်းတောကြီး)၊ အ.ထ.က(၁)၊ အ.ထ.က(၃)၊ အ.ထ.က(၈) (မူလွန်-သရက်သုံးပင်)၊ အ.လ.က(ခွဲ)(လိပ်ပြာကန်)၊ မူလွန်-ဈေးပိုင်း၊ မူလွန်-မလွှကုန်း၊ မူလွန်-မြို့သစ်၊ အ.လ.က(ခွဲ)တပ်ကလေး၊ မူလွန်-အလယ်ကုန်း ၊ အ.ထ.က(၆)၊ အ.ထ.က(ခွဲ)(၅)၊ အ.လ.က(ခွဲ)(ရွာသစ်)၊ အ.လ.က(ခွဲ)(အဝိုင်း)၊ အ.လ.က(ခွဲ)(ကင်းချောင်း)၊ အ.လ.က(ခွဲ)(ဖောင်တော်ဦး)၊ အ.လ.က(ခွဲ)(မဲခုန်)၊ မူလွန်(ကျွဲဒညင်းကုန်း)၊ မူလွန်(ဇိုင်းဂနိုင်းကြီး)၊ မူလွန်(ထားဝယ်အင်း)၊ မူလွန်(ရွှေလှေကလေး)၊ မူလွန်(အုတ်ဖိုကျုံးရိုး)၊ မူလွန်(ကျောက်ကြီးစု)၊ မူလွန်(လက်ပံခုန်)၊ မူလွန်(ရွှေလှေ)(ရွာမ)၊ မူလွန်(ကျုံပကန်)၊ မူလွန်(မဇင်း-ခ)၊ မူလွန်(ဥဿ၁-၆)၊ မူလွန်-မြို့ဦးကင်း၊ အ.လ.က(ကျိုက်ဒေးယုံ)၊ အ.လ.က (ခွဲ)ဥဿာ(၃)၊ အလက(ခွဲ)သူဌေးကုန်း၊ မူလွန်-ရွှေတော်ကုန်း၊ လင်းရောင်သစ်(ကပက)ကျောင်းတို့၏ ကျောင်းဝင်းအတွင်းနှင့် စာသင်ခန်းများအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခြင်းကြောင့် ယာယီပိတ်ထားခြင်း ဖြစ်ကြောင်းသိရသည်။
အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ဘေးအန္တရာယ်မဖြစ်စေရေးအတွက် ရေဝင်ရောက်နေသော အဆိုပါကျောင်းများကို ရေပြန်လည်ကျဆင်းသည့်အထိ ယာယီပိတ်ထားပေးခြင်းဖြစ်ပြီး ကျောင်းပိတ်ရက်များကို ရေကျပြီးနောက် စနေနေ့များတွင် အစားထိုး၍ ပြန်လည်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)