ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရေစီးရေလာကောင်းမွန်စေရန်ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး

ဒဂုံ‌မြောက် ဇူလိုင် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရေစီးရေလာကောင်းမွန်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းဝင်းဦးဆောင်သော မြို့နယ်စီမံရေးရာအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်‌ရေးမှူးနှင့် တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းတွင်  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ (၃၅)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းတစ်လျှောက် မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊  ရပ်ကျေးတာဝန်ရှိသူများပူးပေါင်း၍ ရေမြောင်းများအတွင်း ပိတ်ဆို့‌နေသော အမှိုက်သရိုက်များ ဆယ်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပင်လုံလမ်းမကြီးထိပ် ရေမြောင်းကြီးမှစတင်စက်ယန္တယားကြီးများဖြင့် တူးဖော်ဆောင်ရွက်နိုင်ရန် လမ်းညွှန်မှာကြားခဲ့‌ကြောင်း သိရသည်

မြင့်မြင့်ရီ(ဒဂုံမြောက်)