ပခုက္ကူမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မပြတ် ကွင်းဆင်းဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ရေဘေးရှောင်ကူညီကယ်ဆယ်ရေးစခန်းများ၌ ယာယီရွှေ့ပြောင်းနေထိုင်ကြသည့် ရေဘေးရှောင်ပြည်သူများအား ဇူလိုင်လ ၁၀ ရက်ကစတင်ပြီး ကျန်းမာရေးပြုစုစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်ပေးကြသည်။