ကျိုင်းလပ် ဇူလိုင် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများ၊ ကလေးသူငယ်များ စာအုပ်များ အလွယ်တကူဖတ်ရှုနိုင်ရန်အတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသစာအုပ်များ ယူဆောင်၍ စာဖတ်ပရိတ်သတ်များအား စာအုပ်များ စနစ်တကျ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းဖတ်ရှုပြီးသည့် စာအုပ်များကို တစ်ပတ်တစ်ကြိမ် ပြန်လည်အပ်နှံခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဦးစီးဌာနအနေဖြင့်လည်း နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးခြင်းဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက် စာအုပ်၊ စာပေများလေ့လာဖတ်ရှု့ခွင့်ရရှိကြပြီး ယခင်ငှားရမ်းထားသော စာအုပ်များကိုလည်း ပြန်လည်အပ်နှံနိုင်ရေးနှင့် စာအုပ်အသစ်များ ထပ်မံငှားရမ်းနိုင်ရေးအတွက် အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)