ထန်းတပင်မြို့နယ်၌ နယ်လှည့်မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာငှားဝန်ဆောင်မှု ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဒေသခံမိဘပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေချစ်မြတ်နိုးသူများအား စာအုပ်စာပေများလက်လှမ်းမီစွာ ငှားရမ်းဖတ်ရှုနိုင်‌စေရေးနှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက်ရည်ရွယ်၍ နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ လူမှုရုပ်ခက္ခ​ဗေဒဆိုင်ရာ သု​တေသနလုပ်ငန်း​ဆောင်ရွက်နိုင်​ရေး ​တွေ့ဆုံ​ဆွေးနွေး

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုရုက္ခ​ဗေဒဆိုင်ရာ သုတေသနလုပ်ငန်း​ဆောင်ရွက်နိုင်​ရေးအတွက် တွေ့ဆုံ​ဆွေး​နွေးပွဲကို ယနေ့နံနက် ၉ နာရီက ဝမ်နောင်​ကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း ​သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်အတွင်းရှိ ယာယီရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

 ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မြန်အောင်ခရိုင်အတွင်း ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် ယာယီရေဘေးသင့်ပြည်သူများအားသွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး အခြေခံစားသောက်ကုန်များများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ မိုးစပါးအထွက်နှုန်းတိုးတက်စေရေး(Drum Seeder) မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးသူများပြားလာ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများတွင် တစ်ဧကစပါးအထွက်နှုန်းတိုးတက်စေရန်၊ ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်း ပြီးစီးနိုင်စေရန် မျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းစနစ်များ၊ သရုပ်ပြပွဲများဖြင့် တောင်သူများအား ကျယ်ကျယ်ပြန့်ပြန့် ပြသပြီးနောက်ပိုင်းတွင် မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးသူတောင်သူများပြားလာကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်တွင် ရေဘေးသင့်၍ ပြောင်းရွေ့နေထိုင်သည့် ပြည်သူများအား စားနပ်ရိပ်က္ခာ ထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ရေဘေးသင့်၍ ပြောင်းရွေ့နေထိုင်သည့် ပြည်သူများအား စားနပ်ရိပ်က္ခာများကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်၊ ကျောင်းကြီး ကျောင်းတိုက်ရှိ ရေဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။

တောင်ငူမြို့၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဥ်ဖြင့် ပြည်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးမှ ပြည်သူများ စာဖတ်သည့်အလေ့အထများရှိလာစေရန်၊ စာပေကို လက်လှမ်းမှီစွာ ဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများကြွယ်ဝလာပြီး အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့် ယနေ့နံနက်ပိုင်းက ခရိုင်နှင့်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ခရိုင်အဆင့်မြန်မာ့အက အခြေခံကဗျာလွတ်(ပထမအဆင့်)ပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ခရိုင်အဆင့်မြန်မာ့အက အခြေခံကဗျာလွတ်(ပထမဆင့်)ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း(စက်၊ စိုက်၊ မွေး)တွင် ကျင်းပခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေး မြန်အောင်မြို့နယ် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ ပင်စင်ထုတ်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေး၍ ဆန်၊ ကြက်ဥနှင့် စားသုံးဆီများကို စျေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုအား ကြည့်ရှုအားပေး

တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေးသည် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းတို့နှင့်အတူ ယနေ့နံနက်က မြန်အောင်မြို့ အောင်ဇေယျအားကစားခန်းမ၌ မြန်အောင်မြို့နယ် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ ပင်စင်ထုတ်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေး၍ ဆန်၊ ကြက်ဥနှင့် စားသုံးဆီများကို စျေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ယာဉ်အန္တရာယ်နှင့် ဥပဒေပြဌာန်းချက်များအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ပြုလုပ်သည်။

ရွှေပြည်သာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

မင်္ဂလာဒုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကောင်းညွန့်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့မွန်းလွဲပိုင်းက ရွှေပြည်သာမြို့နယ်အမှတ်(၉)ရပ်ကွက်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Subscribe to