ညောင်တုန်းမြို့နယ်တွင် ရေဘေးသင့်၍ ပြောင်းရွေ့နေထိုင်သည့် ပြည်သူများအား စားနပ်ရိပ်က္ခာ ထောက်ပံ့

ညောင်တုန်း ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ရေဘေးသင့်၍ ပြောင်းရွေ့နေထိုင်သည့် ပြည်သူများအား စားနပ်ရိပ်က္ခာများကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်၊ ကျောင်းကြီး ကျောင်းတိုက်ရှိ ရေဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များက အမှတ်(၁)ရပ်ကွက်ရှိ မြစ်ရေဝင်ရောက်မှုကြောင့် ဆွေမျိုးများ နေအိမ်ထံသို့ ပြောင်း‌ရွှေ့ နေထိုင်ကြသည့် ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး ရေဘေးသင့်၍ ပြောင်းရွေ့ နေထိုင်သည့် အိမ်ထောင်စု (၃၁)မှ လူဦးရေ (၁၁၉)ဦးအတွက် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် သောက်ရေသန့်များကို ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)