မိုင်းဖြတ်မြို့နယ်၌ လူမှုရုပ်ခက္ခ​ဗေဒဆိုင်ရာ သု​တေသနလုပ်ငန်း​ဆောင်ရွက်နိုင်​ရေး ​တွေ့ဆုံ​ဆွေးနွေး

မိုင်းဖြတ် ဇူလိုင် ၂၃

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုရုက္ခ​ဗေဒဆိုင်ရာ သုတေသနလုပ်ငန်း​ဆောင်ရွက်နိုင်​ရေးအတွက် တွေ့ဆုံ​ဆွေး​နွေးပွဲကို ယနေ့နံနက် ၉ နာရီက ဝမ်နောင်​ကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း ​သိရသည်။

ရှေးဦးစွာ သစ်​တောသု​တေသနဌာန(​​နေပြည်​တော်)မှ ဒုတိယညွှန်ကြား​ရေးမှူး ​ဒေါက်တာ သန့်ရှင်းက  သု​တေသန ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းအ​ခြေအ​နေများကို မိတ်ဆက်​ဆွေး​နွေးခဲ့သည်။ ထို့​နောက် သစ်​တောသု​တေသနဌာန (​နေပြည်​တော်)မှ ​ဒေါက်တာ အေးမြတ်မွန်က ဒေသတွင်း ​ဆေးဖက်ဝင်အပင်များကို သုံးစွဲ​နေသည့် အ​ခြေအ​နေများ၊ လုပ်ငန်းများ​ အ​ကောင်အထည်​ဖော်ဆောင်ရွက်ရာတွင် ​တွေ့ဆုံ​မေးမြန်းမည့်အ​ခြေအ​နေများကို ရှင်းလင်း​ပြောကြားခဲ့သည်။ ယင်း​နောက် တက်​ရောက်လာကြသည့် ​ကျေးရွာ​နေပြည်သူများက ​​​​​ရိုးရာဓ​လေ့ဆေးဖက်ဝင်အပင်များအ​ကြောင်းနှင့် ကျန်းမာ​ရေးဆိုင်ရာအ​ခြေအ​နေများကို ပြန်လည်​ဆွေး​နွေးခဲ့ကြသည်။

အဆိုပါ လူမှုရုက္ခ​ဗေဒဆိုင်ရာသု​တေသနလုပ်ငန်း​ဆောင်ရွက်ရာတွင် CAS-SEABRI သုတေသနစင်တာ၊ သစ်​တောသု​တေသနဌာန၊ တိုင်းရင်း​ဆေးပညာနှင့် လူမှုရုက္ခ​ဗေဒသု​တေသနအဖွဲ့တို့မှ ​ဆောင်ရွက်ခြင်းဖြစ်ပြီး ဒေသခံလူမျိုးစုအများအားဖြင့် အသုံးပြု​သော ​ဆေးဖက်ဝင်အပင်များအား လူမှုရုပ်ခက္ခ​ဗေဒဆိုင်ရာ သု​တေသနလုပ်ငန်း​​ဆောင်ရွက်ရာတွင် ​လေ့လာခြင်းဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)