ထန်းတပင်(ပဲခူး) ဇူလိုင် ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဒေသခံမိဘပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေချစ်မြတ်နိုးသူများအား စာအုပ်စာပေများလက်လှမ်းမီစွာ ငှားရမ်းဖတ်ရှုနိုင်စေရေးနှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက်ရည်ရွယ်၍ နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနရုံးများသို့ သွားရောက်ငှားရမ်းပေးခဲ့ပြီး ပြည်သူများအား အသင်းဝင်အသစ်များလက်ခံခြင်းနှင့် စာငှားကတ်များ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါမိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး စာအုပ်စာစောင်များလဲလှယ်၍ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)