အိမ်မဲ သြဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် Youth Club အဖွဲ့မှ ဆရာချစ်နိုင်(စိတ်ပညာ)၏ ခေါင်းဆောင်မှုစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် (၁၁) နာရီတွင် ကျင်းပသည်။
စာဖတ်ဝိုင်းတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ နှင့် Youth Club အဖွဲ့ဝင်များက အဆိုပါစာအုပ်မှ လူ့တန်ဖိုး၊ အောင်စိတ်၊ စကားတန်ဖိုး၊ ခေါင်းဆောင်မှုအစရှိသည့် ခေါင်စဥ်များဖြင့် မိမိတို့၏ ထင်မြင်ယူဆချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းများ ကျင်းပပေးခြင်းကြောင့် Club အဖွဲ့များ တစ်ဦးနှင့်တစ်ဦး ရင်နှီးမှုရှိခြင်း၊ တစ်ဦးကရရှိသည့် ဗဟုသုတကို အခြားသူများသို့ ဆက်လက်ဝေမျှနိုင်ခြင်း၊ စာဖတ်အား ပိုမိုကောင်းမွန်လာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)