တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၊ တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်တို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် နှစ်စဉ်ကျင်းပသော အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အဖြစ် ရတနာပုံတက္ကသိုလ်တွင် ကြက်ခြေနီအကြောင်းနှင့် ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်၉နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ရတနာပုံတက္ကသိုလ် ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ၊ စီမံဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မန္တလေးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများနှင့် သင်တန်းနည်းပြဆရာများ တက်ရောက်ကြသည်။