၂၀၂၄ ခုနှစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်အတွင်း ဌာနဆိုင်ရာဝန်ထမ်းများ ကျန်းမာကြံ့ခိုင်၍ လုပ်ငန်းခွင်တွင် ပျော်မွေ့သော ဝန်ထမ်းများဖြစ်လာစေရန်၊ ဌာနဆိုင်ရာဝန်ထမ်းများ လုပ်အားစွမ်းပကား တိုးတက်မြင့်မားလာစေရန်၊ လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုလျော့နည်းစေရန်၊ ဌာနဆိုင်ရာအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ဌာနပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ပြုလုပ်ကြောင်း သိရသည်။

မန်ကန်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာများအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလေ့လာစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ဩဂုတ်လ ၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်က မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ပိုးလောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရန် ဩဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်က အမှတ်(၅)ရပ်ကွက်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ် (abate)ဆေးခပ်​​ခြင်း၊ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ဧကများအနက် ပြန်ပေါ်သည့်လယ်မြေများတွင် မိုးစပါးပြန်လည်စိုက်ပျိုးနေမှုနှင့် လမ်း/ တံတား ပျက်စီးမှုတို့အား ကွင်းဆင်းကြည့်ရှုပံ့ပိုးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ဧကများအနက် ပြန်ပေါ်သည့် လယ်မြေများတွင် မိုးစပါးပြန်လည်စိုက်ပျိုးနေမှုနှင့် လမ်း/တံတားပျက်စီးမှုတို့အား ကွင်းဆင်းကြည့်ရှု ပံ့ပိုးဆောင်ရွက်ပေးခဲ့သည်။

သဲကုန်းမြို့နယ်တွင် ရွှေဖရုံသီးများ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများ အပိုဝင်ငွေရရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်း​မြို့နယ်တွင် ရာသီအလိုက် သစ်သီးဝလံသီးနှံမျိုးစုံစိုက်ပျိုး​ကြ​ရာ ရွှေဖရုံသီးပင်များ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိသဖြင့် ရွှေဖရုံစိုက်တောင်သူများ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်တွင် ၀မ်းပျက်၀မ်း‌‌လျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မိုးရာသီကာလ ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်စောင့်ရှောက်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလုံခရိုင် လူငယ်ရေးရာကော်မတီမှကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီက စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်း၌ ကျင်းပခဲ့သည်။

မိုင်းယန်းမြို့နယ်၌ ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့ နံနက် (၁၀) နာရီက မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာအတွင်းရှိ ခေတ်မီစံပြကျေးရွာ စာကြည့်တိုက်အား မြို့နယ်စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

မိုးညိုမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုင်ဆောင်နိုင်ရေး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ကရင်ချောင်အုပ်စု၊ ကရင်ချောင်းကုန်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်မြို့၌ ၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၄ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ခရိုင်အဆင့်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအခမ်းအနားကို ယမန်နေ့နံနနက်ပိုင်းက ပြည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ကျင်းပရာ ရှေးဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်နှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
Subscribe to