ချမ်းမြသာစည်မြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုသတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက်ပိုင်းက အမှတ် (၃၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂၄) အခြေခံ ပညာမူလတန်းလွန်ကျောင်းတို့တွင် ဖြန့်ဝေခဲ့သည်။

ကျောက်ဆည်မြို့နယ်၌ မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံမျိုးစုံ ၂၄၄၉ ဧကစိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း စားသုံးဆီ ဖူလုံပိုလျှံစေရေး မြေပဲ၊  နှမ်း၊ နေကြာ သီနှံများစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံမျိုးစုံ ၂၄၄၉ ဧက စိုက်ပျိုးပြီးကြောင်းနှင့် ဆီထွက်သီးနှံများ လျာထားချက်ပြည့်မီရေး စိုက်ပျိုးမှုညှိနှိုင်းရေးအဖွဲ့မှတောင်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်ပြပွဲ/ပြိုင်ပွံများကျင်းပ

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုလောမြို့နယ် လူထုအ‌ခြေပြုဗဟိုဌာနတွင် ဒီဇင်ဘာ ၃၀ ရက်က ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲတက်ရောက်

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ မြစ်ကြီးနား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်ဘင်ခရာအဖွဲ့များက ပါဝင်ယှဉ်ပြိုင်ကြရာ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့ တက်ရောက်ကြကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ခံထုတ်ဝေသည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ဒီဇင်ဘာ ၃၀ ရက်နေ့မွန်းလွဲ ၂ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖြန့်ဝေပေးခဲ့သည်။

ပြင်ဦးလွင်မြို့၌ အပတ်စဉ်(၁၁)ဘက်စုံသားဖွား ဒီပလိုမာ အောင်လက်မှတ် အပ်နှင်းခြင်းအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် အပတ်စဉ်(၁၁) ဘက်စုံသားဖွား ဒီပလိုမာအောင်လက်မှတ် အပ်နှင်းခြင်းအခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက်နေ့က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၅)ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မချမ်းဘောမြို့နယ်၌ ရွေးကောက်ပွဲနှိုးဆော်ရေး ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း၊ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် ရွေးကောက်ပွဲနှိုးဆော်ရေး အသိပညာပေးဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၇ နာရီက မချမ်းဘောမြို့ လူစည်ကားရာနေရာ နံနက်ခင်းစျေးတွင်လည်းကောင်း၊ ညနေ ၃ နာရီက မချမ်းဘောမြို့ အမှတ် (၃) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများထံ အရောက် အသိပညာပေးဖြန့်ဝေခဲ့ကြောင်း သိရသည်။

အမာမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမန္တာကျေးရွာ၌ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ကမန္တာကျေးရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ‌ကမန္တာကျေးရွာ လျှပ်စစ်ဓါတ်အားရရှိသည့်အတွက် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၃၀) ရက်နေ့ ညနေပိုင်းအချိန်က အဆိုပါကျေးရွာ စိတ္တသုခကျောင်းတိုက်ရှေ့တွင် ဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော် မဲပေးစက်များ ပြန်လည်အပ်နှံထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ရှိ မြန်မာအီလက်ထရောနစ်မဲပေးစက်များ ထိန်းသိမ်းထားရှိရာနေရာသို့သွားရောက်ပြီး ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် အသုံးပြုခဲ့သော မြစ်မာအီလက်ထရောနစ် မဲပေးစက်များကို စနစ်တကျ ပြန်လည်အပ်နှံထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး မီးသတ်စခန်းရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဝယ်ယူဖြည့်တင်းထားရှိသည့် ရှာဖွေကယ်ဆယ်ရေး စက်ကိရိယာများနှင့် မီးငြိမ်းသက်ယာဉ်၊ ရေသယ်ယာဉ်များအား သွားရောက်ကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၃၀ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးမီးသတ်စခန်းသို့ရောက်ရှိရာ မကြာမီ ပွင့်လင်းရာသီရောက်ရှိ တော့မည်ဖြစ်ပါ၍ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးငြိမ်းသက်ယာဉ်များ၊ ရေသည်ယာဉ်များ အသင့်ပြင် ဆင်ထားရှိမှုများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဝယ်ယူဖြည့် တင်းထားရှိသည့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့် တိုင်းဒေသကြီး မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၏ သရုပ်ပြသမှုများအား ကြည့်ရှုအားပေးကြသည်။
Subscribe to